Untitled Document
Pyay Catholic Dioces
Untitled Document

ပြည်သာသနာရဟန်းသစ်၂ပါး၏ သိက္ခာခံယူပွဲ

 

 ပြည်သာသနာရဟန်းသစ်၂ပါးဖြစ်သော Fr. pius ကျော်ငွေနှင့် Fr. Stephen Soe Bu တို့၏ ထာဝရ ရဟန်းသိက္ခာတင်ခြင်းအခမ်းနား

အား ဧပြီလ ၂၈ရက် ၂၀၁၉ခုနှစ်တနင်္ဂနွေနေ့ နံနက် ၆း၃၀နာရီ ပြည်မြို့ရှိ  စိန်ပေါလ်ကာသီဒြယ်ကျောင်းတော်ကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ သိက္ခာတင်ပွဲအခန်းအနားသို့ ရဟန်းတော်များ (၃၆)ပါး၊ Bro. (၁၀)ပါး၊ စစ္စတာရ်များအပါး (၃၀)ခန့်နှင့် ဘာသာဝင်များ တစ်ထောင်ဝန်းကျင်ခန့်တက်ရောက်ပါဝင်ဆုတောင်းပေးခဲ့ကြပါသည်။ 

 Fr. Pius kyaw Ngwe သည်ရွှေပန်းတောတိုက်နယ်မှဖြစ်ပြီး၊ Fr. Stephen Soe Bu သည် သံတောင်တိုက်နယ် မှဖြစ်သည်။ သူတို့တာဝန်ထမ်းဆောင်မည့်တိုက်နယ်များမှာ Fr. Pius Kyaw Ngwe သည် ပလက်ဝတွဲဖက် ကျောင်းထိုင်အဖြစ်သော်လည်းကောင်း၊ Fr. Stephen Soe Bu သည် သံတောင်တိုက်နယ် တွဲဖက်ကျောင်းထိုင် မိမိဇာတိမြေသို့လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်သွားကြမည်ဖြစ်သည်။ မစ္ဆားအပြီးတွင် နေ့လည်စာသုံးဆောင်ခဲ့ကြကာ မိမိဌာနေသို့အသီးသီးပြန်သွားခဲ့ကြပါသည်။