Untitled Document
Pyay Catholic Dioces
Untitled Document

RNDMသီလရှင်ဂိုဏ်းဝင်များ၏စိန်ဂျူဗလီ၊ငွေဂျူဗလီပွဲနှင်ပထမကတိသစ္စာခံယူခြင်းပွဲအခမ်းအနား

 

၆.၁.၂၀၁၉ခုနှစ်ကရင်နှစ်သစ်ကူးပွဲနေ့နှင့် မင်းသုံးပါးပွဲတနင်္ဂနွေနေ့တွင် RNDMသီလရှင်ဂိုဏ်းဝင်များ၏စိန်ဂျူဗလီ၊ငွေဂျူဗလီပွဲနှင်ပထမကတိသစ္စာခံယူခြင်းပွဲကိုစိန်ပေါလ်ကာ သီဒြယ်ဘုရားကျောင်းတော်ကြီး၌စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါသည်။    ဂျူဗလီရှင်များမှာ Sr. Mary Raphael (စိန်ဂျူဗလီရှင်), Sr. Magaret Kon Tin, Sr. Christina May, Sr. Rita Phyo (ငွေစင်ဂျူဗလီရှင်များဖြစ်ကြပြီး) Sr. Christina May Hnin Moe and Sr. Magaret Zin May Oo (ပထမသစ္စာခံယူသူများ)ဖြစ်ကြပါသည်။ပွဲတော်မစ္ဆားတရားတော်များအား အဖဆရာတော်ကြီး Alexander Pyone Cho မှ ဦးဆောင်ကာ ရဟန်းတော်များအပါး(၃၀)နီးပါး၊ စစ္စတာရ်များအပါး(၅၀)ကျော်၊Bro. ကြီး(၂)ပါးနှင့် ဘာသာဝင်များ ၆၀၀ကျော်ခန့် တက်ရောက်ပါဝင်ဆုတောင်းခဲ့ပါသည်။ မစ္ဆားတရားတော်မြတ်အပြီးတွင်အမှတ်တရဓာတ်ပုံများနှင့် ဂုဏ်ပြုခြင်းအခမ်းနားပြုလုပ်ခဲ့ပြီးနေ့လည်စာဖြင့်ဧည့်ခံခဲ့ကြသည့်အပြင် ညနေပိုင်းတွင်လည်း ရပ်ဝေးမှရဟန်းသီလရှင်များနှင့်အတူ RNDMဂိုဏ်းဝင်သီလရှင်များမှ ဂျူဗလီနှင့်သစ္စာရှင်များအား ဂုဏ်ပြုခြင်းအခမ်းအနားနှင့် ကရင်နှစ်သစ်ကူးပွဲတော်အားခမ်းနားပျော်ရွှင်စွာပြုလုပ်ကျင်းပခဲ့ကြရာ  ညနေစာဖြင့်အခမ်းအနားကိုရုပ်သိမ်းခဲ့ကြပါသည်။